Skip to main content
MSF’s Thaketa clinic as seen from the outside.
MSF’s Thaketa clinic as seen from the outside. Yangon, Myanmar, August 2020.
© Lwyn Phyu Phyu Kyaw/MSF

မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်း ဝင်များ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်ခံရမှု အပေါ် MSF ထုတ်ပြန်ချက်

MSF’s Thaketa clinic as seen from the outside. Yangon, Myanmar, August 2020.
© Lwyn Phyu Phyu Kyaw/MSF
Ebola disease in DRC: find out how we're responding
Learn more

အမှီအခိုကင်းသော ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်း (MSF) နယ်စည်းမထား ဆရာဝန်များအဖွဲ့ သည် ၂၀၂၁ ခုနှစ်၊ ဖေဖာ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ် အာဏာသိမ်းမှုနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများနှင့် အများပြည်သူလူထုအား တရားမဝင် ဖမ်းဆီးမှုများနှင့် ချုပ်နှောင်ထားမှုအပေါ် အလွန်စိုးရိမ်မိပါသည်။

မကြာသေးခင်က ထုတ်ပြန်လိုက်သည့် အရေးပေါ်အခြေအနေနှင့် ဆက်စပ်၍ ဖမ်းဆီးမှုများနှင့် ကျယ်ပြန့်စွာ ကန့်သတ်မှုများ သည် MSF နှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များမှ မြန်မာနိုင်ငံရှိ အလိုအပ်ဆုံးသော သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသည့်အပေါ် ပြင်းထန်စွာ အနှောက်အယှက် ဖြစ်စေနိုင်သည့် အလားအလာရှိနေပြီး၊   ပြည်သူလူထု၏ လုံခြုံမှုကို အန္တရာယ် ရှိနေပါသည်။ အခုလို အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခြင်းများသည် ကိုဗစ်-၁၉ ရောဂါအား နောက်ထပ်ဖြစ်ပွားရန် ဦးတည်စေနိုင်ပါသည်။ ဖမ်းဆီးမှုများနှင့်အတူ ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်သည့် သတင်းများနှင့် ၎င်းအကြမ်းဖက်မှုများ ပိုမိုများလာနိုင်သည့် အလားအလာပေါ် လွန်စွာ စိုးရိမ် ပူပန်မိပါသည်။

မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာရပ်ဝန်းမှ ကြုံတွေ့နေရတဲ့ အနှောက်အယှက်ပေးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် အများပြည်သူလူထုများ ကြုံတွေ့နေရသည့် ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများနှင့် ပတ်သက်၍ ကျွန်တော်တို့လွန်စွာ စိုးရိမ်ပူပန်မိပါသည်။ ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက်များမှ ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် ဤပြဿနာသည် ကြောက်ရွံ့မှုကိုဖြစ်စေပြီး၊ အများပြည်သူကျန်းမာရေးနှင့် ပြည်သူလူထုအားလုံး၏ လုံခြုံရေးအပေါ် ရေရှည်ထိခိုက်နိုင်သည့်အတွက် စိုးရိမ်ပူပန်မိပါသည်။

မည်သည့်အခြေအနေမဆို၊ မည်သည့်အသက်အရွယ်၊ ဘာသာရေးနှင့် နိုင်ငံရေး ဆက်နွယ်မှု ရှိပါစေ ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် လုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်များ၏ ဘေးကင်းလုံခြုံမှုသည် အရေးကြီး သကဲ့သို့ ကျွန်တော်တို့၏ လူနာများသည် ပထမ ဦးစားပေးဖြစ်သည်။ ကျွန်တော်တို့သည် အတတ်နိုင်ဆုံး ထောက်ပံ့မှု ပေးနိုင်သော အခြေအနေနှင့် အခွင့်အရေးများ ရှိနေသ၍ အလိုအပ်ဆုံးသောသူများအား ဘက်မလိုက်သော ဆေးဝါးကုသမှုကို ဆက်လက်ပေးသွားမည် ဖြစ်ပါသည်။ လက်ရှိတွင် ကျွန်တော်တို့၏ လုပ်ငန်းများသည် ပုံမှန်အတိုင်း လည်ပတ်နေသော်လည်း ဝန်ထမ်းများ၏ရွေ့လျားခြင်းများကို ကန့်သတ်ခံရမှုများ ကြုံနေရသည်။ ကျွန်တော်တို့သည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ လိုအပ်သည့်အတိုင်း ကျွန်တော်တို့၏ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားရေးတုံ့ပြန်မှုကို လိုက်လျောညီထွေစွာ ဆောင်ရွက်ရန် အသင့်ရှိနေပါသည်။